Connect with us

Asia

လာအိုနိုင်ငံမြောက်ပိုင်းတွင် မုန်တိုင်းတိုက်ခက်မှုကြောင့် နေအိမ်ရာနှင့်ချီ ပျက်စီး

ဗီယင်ကျန်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံမြောက်ပိုင်း ဆာရာဘရီပြည်နယ်တွင် မုန်တိုင်းဝင်ရောက်တိုက်ခတ်မှု ဖြစ်ပွားမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ ကြွေကျမှုဖြစ်ပွားသဖြင့် ကျေးရွာ ၂၀ မှ နေအိမ် ၅၂၀ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
လာအိုနိုင်ငံ အဆိုပါပြည်နယ်သို့ ဧပြီ ၂၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီဝန်းကျင်က မုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့သဖြင့် ကျောင်း ခုနှစ်ကျောင်း၊ ပြည်နယ်ဆေးရုံတစ်ခု၊ ဈေးတစ်ခုနှင့် ဘုရားကျောင်း ငါးကျောင်း ပျက်စီးမှုများဖြစ်ပွားသည်။
ထိုပြင် လျှပ်စစ်မီးတိုင်း ကိုးခု၊ ၂၂ ကေဗွီဓာတ်အားလိုင်းများ ပျက်စီးခဲ့ပြီး ကြက်ခြံတစ်ခုနှင့် ယာဉ် ခုနှစ်စီးလည်း ပျက်စီးခဲ့ကြောင်း ပြည်တွင်းသတင်း ဝက်ဘ်ဆိုက် ဖြစ်သည့် လာအိုပတ္တနာသတင်းက ဧပြီ ၂၆ ရက်တွင် ဖော်ပြထားသည်။ (Xinhua)

……………………………
(English Version)
Storm damages hundreds of houses in northern Laos
VIENTIANE, April 26 (Xinhua) — A storm passed through northern Laos’ Xayaboury province, bringing strong winds, heavy rain and hail, and left a trail of destruction in 20 villages, with 520 houses affected.
The storm hit the province on Tuesday at around 4:00 p.m. local time, causing damage to seven schools, the provincial hospital, a market, and five temples, as well as army, health, judicial, education, and transport offices.
In addition, nine electricity poles and 22 kV power lines were damaged, as well as a chicken farm and seven vehicles, the local news website Lao Pattana News reported on Friday. ■