Connect with us

Environment, Disasters & Accidents

ရေကြီးနစ်မြုပ်မှု များကြောင့် ပျက်စီးဆုံးရှုံး သွားသည့် လယ်ယာမြေ များ၌ ပြန်လည် စိုက်ပျိုးနိုင်ရန်ကူညီမည်

ရေနစ်မြုပ်လယ်ယာမြေတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ရေကြီးနစ်မြုပ်မှု များကြောင့် ပျက်စီးဆုံးရှုံး သွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ လယ်ယာမြေ များ၌ ပြန်လည် စိုက်ပျိုးနိုင်ရန် ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဒေသ များ၌ စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်ပြုလုပ် နိုင်ရန် မျိုးစေ့များကို ဒေသအလိုက် မျိုးစပါး အရေအတွက် ပေါ် မူတည်၍ ဖြန့်ဝေပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထွန်ယက်မှု အပိုင်းတွင် ပြီးခဲ့သည့်နှစ် အတွေ့အကြုံ အရ စက်မှုလယ်ယာ ဌာနမှ စက်များဖြင့် လုပ်ဆောင်ပေး သွားမည်ဖြစ်ပြီး ကောက်စိုက်သည့် အပိုင်းတွင် ကောက်စိုက်စက် လုံလောက်မှု မရှိသည့်အတွက် ထွန်ယက်မှု ကိုသာ ဦးစားပေး လုပ်ကိုင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီ ၌ ရေကြီး နစ်မြုပ်မှုများကြောင့် စိုက်ပျိုးမြေ ၃၉,၇၇၆ ဧက ပျက်စီးခဲ့ပြီး ၇၇,၈၅၆ ဧက ထိခိုက်ခဲ့ကာ ယင်းတို့အနက် ပဲခူးတိုင်း ဒေသကြီး၌ ရေကြီးနစ်မြုပ် သည့်ဧက ၉၁,၉၄ဝ ခန့်ရှိပြီး အများဆုံး ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.