Connect with us

Environment, Disasters & Accidents

ဦးပိန်တံတား ဖြတ်သန်းသွားလာခွင့် ပြန်လည်ခွင့်ပြု

မန္တလေးမြို့ရှိ တောင်သမန်အင်းရှိ ဦးပိန်တံတားအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

တောင်သမန်အင်းရေ မြင့်တက်လာမှုကြောင့် ယာယီပိတ်ထားသော ဦးပိန်တံတားကို ဖြတ်သန်းသွားလာခွင့် ပြန်လည်ခွင့်ပြုလုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဦးပိန်တံတားကို သြဂုတ် ၁ရက်နေ့တွင် ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ပြီး ၈ရက်မြောက်နေ့တွင် ခရီးသွားဧည့်သည်များကို ဖြတ်သန်းသွားလာခွင့် ပြန်လည်ခွင့်ပြုပေးလိုက်ပြီဖြစ်သည်။
“ ဦးပိန်တံတားပိတ်ထားတုန်းက ဌက်(လှေ) တွေနဲ့တောင်တမန်အင်းထဲ လူတွေ သွားကြည့်ကြတယ်၊ ခုတော့ ရေက ပြန်ကျနေပြီဆိုတော့ တံတားပေါ်ဖြတ်ဖို့ ပြန်ဖွင့်ပေးလိုက်တယ်”ဟု ဦးပိန်တံတားအနီး ချည်ထည်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
ယင်း ဦးပိန်တံတား ဖြတ်သန်းသွားလာခွင့်နှင့်အတူ ပိတ်ထားခဲ့သော မန္တလေးရတနာပုံ တက္ကသိုလ်ကို သြဂုတ် ၁၅ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လက်ရှိ ရေများကျဆင်းသွားသော်လည်း ရေတက်စဉ်က ကျန်ရှိနေသော သဲနှင့် အမှိုက်များကို ရှင်းလင်းရေးများ ပြုလုပ်နေရကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.