Connect with us

Environment, Disasters & Accidents

စိုက်ပျိုးရာသီ အတွင်း ထူးကဲစွာ မိုးရွာသွန်းမှုကြောင့် သီးနှံ အမျိုးအစားအလိုက် ရေကြီးနစ်မြုပ်မှု ဧက ၄ သိန်းကျော်ရှိပြီး ဧက ၁ သောင်းကျော် ပျက်စီး

လယ်ယာမြေ လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ)

နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် စိုက်ပျိုးရာသီအတွင်း ထူးကဲစွာ မိုးရွာသွန်းမှုကြောင့် သီးနှံ အမျိုးအစားအလိုက် ရေကြီးနစ်မြုပ်မှု ၄၁၆၁၃၅ ဧက ရှိခဲ့ပြီး ပျက်စီးမှု ၁၆၇၁၄ ဧက ရှိခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ရေကြီးနစ်မြုပ်မှု၊ ထိခိုက်၊ ပျက်စီး၊ ပြန်စိုက်မှုဧက အခြေအနေများ အနက် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် သီးနှံအမျိုးအစား အလိုက် ရေကြီးနစ်မြုပ်မှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သီးနှံအမျိုးအစားအလိုက် ထိခိုက်မှုများ အနက် မိုးစပါး နှင့် မိုးနှမ်း သီးနှံများမှာ အများဆုံး ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတွင် ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၉ ရက်အထိ ရေဘေး ဖြစ်ပွားမှု အခြေအနေမှာ ရေဘေးသင့်သူ ၄၁၉၃၃၀ ဦးရေထိ ရှိခဲ့ပြီး သေဆုံးသူ ၅ ဦးထိ ရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းဇယားများအရ သိရသည်။(Xinhua)
Source-လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ထုတ်ပြန်ချက်

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.