Connect with us

Environment, Disasters & Accidents

ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၄ သောင်းကျော် ရေဘေးဒဏ် ခံစားရပြီး ၁၈ ဦး သေဆုံး

မွန်ပြည်နယ်၌ ဇွန်လ အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုအား တွေ့ ရစဉ် (ဓာတ်ပုံ- သထုံခရိုင် ရဲတပ်ဖွဲ့)

ရန်ကုန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

ဇွန်လ ပထမပတ်ခန့်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ဇွန် ၁၉ ရက် စာရင်းများ အရ လူဦးရေ ၄၄၀၀၀ ခန့်ရေဘေးဒဏ် ခံစားခဲ့ရပြီး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ပြည်သူလူထုများအနေဖြင့် မိုးလေဝသသတင်းများနှင့် မြစ်ရေအခြေအနေထုတ်ပြန်ချက် များကို စဉ်ဆက်မပြတ် သတိပြုနိုင်ရန် ၊ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များ ၊ အကြံပြုချက် များအတိုင်း ကြိုတင် ပြင်ဆင်ရန် ၊ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက် မှုများအတိုင်း လိုက်နာဆောင်ရွက်ပေးရန် အသိပေး နှိုးဆော်ခဲ့သည်။

ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် အလျင်အမြန် တုံ့ပြန် ဆောင်ရွက် ပေးလျက် ရှိရာ ပြည်သူများအနေဖြင့်လည်း ပူးပေါင်း ပါဝင်ပေးကြရန်၊ လိုအပ်ချက်များရှိပါက Hotline ဖုန်းနံပါတ်များဖြစ်သော (၀၆၇-၃၄၀၄၆၆၆) နှင့် (၀၆၇-၃၄၀၄၇၇၇)များသို့ ဆက်သွယ်သတင်းပေးပို့ခြင်း၊ အကူအညီ ရယူခြင်းများ ဆောင်ရွက်ပေးရန် အသိပေးနှိုးဆော်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.