Connect with us

Environment, Disasters & Accidents

ရေကြီးရေလျှံမှုကြောင့် သံလွင်တံတား(ဘားအံ)ပေါ်သို့ ယာဉ်ငယ်များ ဖြတ်သန်းခွင့်မပြုသေးဟုဆို

ကရင်ပြည်နယ်တွင်း ရေကြီးမှုကြောင့် လှေများဖြင့် သွားလာနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော သံလွင်တံတား(ဘားအံ)ပေါ်သို့ ယာဉ်ငယ်များ ဖြတ်သန်းခွင့်မ ပြုသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန(ကရင်ပြည်နယ်)က ထုတ်ပြန်သော အသိပေး ကြေညာချက်အရ သိရသည်။

သံလွင်တံတား ချဉ်းကပ်လမ်းနှစ်ဘက် ရေကျော်နေသော နေရာသည် ရေအနည်းငယ် လျော့ကျနေပြီ ဖြစ်ပါသဖြင့် (၆) ဘီးကားနှင့်အထက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သော်လည်း ယာဉ်ငယ်များ ဖြတ်သန်း၍ မရနိုင်သေးပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.