Connect with us

Environment, Disasters & Accidents

ရေကြီးရေလျှံမှုကြောင့် ဖွင့်လှစ်ခဲ့သည့် ရေဘေးရှောင် ကယ်ဆယ်ရေး စခန်း ၅၀၀ ခု ပိတ်သိမ်းပြီး ဟုဆို

ကရင်ပြည်နယ် ဘားအံ မြို့ နယ်ရှိ ရေဘေးရှောင် ကယ်ဆယ်ရေး စခန်း တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အတွင်း ဇူလိုင် ၊ သြဂုတ် နှင့် စက်တင်ဘာလ အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ရေဘေးရှောင် ကယ်ဆယ်ရေး စခန်း ၅၀၉ ခု ဖွင့်လှစ်ခဲ့သည့် အနက် ယခု အခါ စခန်း ၅၀၀ ခု ပိတ်သိမ်းပြီး ဖြစ်ကြောင်း အမျိုးသား သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ နှင့် လူမှု ဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တို့မှ ထုတ်ပြန်ထားသော စာရင်းများ အရ သိရသည်။

ယခုအခါတွင် ပဲခူးတိုင်းဒေသကြီးတွင် စခန်း ၂ ခု နှင့် မကွေးတိုင်းဒေသကြီးတွင် စခန်း ၇ ခုတို့တွင် စုစုပေါင်း လူဦးရေ ၁၆၄၅ ဦးသာ ယာယီ ပြောင်းရွှေ့နေထိုင်မှု ရှိကြောင်း သိရသည်။

ဇူလိုင် ၊ သြဂုတ် နှင့် စက်တင်ဘာလ အတွင်း နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၃ ဦး ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.