Connect with us

Environment, Disasters & Accidents

ရခိုင် ပြည်နယ် မာန်အောင်မြို့နယ်၌ မီးတောင်မှ ချော်ရည်ပူများ မှုတ်ထုတ်မှုကြောင့် လယ်မြေ အချို့ ချော်ရည်ပူ ဖုံးလွှမ်း ပျက်စီး

မီးတောင်မှ ချော်ရည်ပူများ မှုတ်ထုတ်မှုကြောင့် လယ်မြေ အချို့  ချော်ရည်ပူများ ဖုံးလွှမ်းနေသည်ကို တွေ့ ရစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ရခိုင် ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်း အုပ်စုအတွင်းရှိ မီးတောင်မှ ချော်ရည်ပူ မှုတ်ထုတ်မှုများ ဖြစ်ပွားကာ မီးတောင်အနီးရှိ လယ်မြေ အချို့ချော်ရည်ပူ ဖုံးလွှမ်းပျက်စီးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မီးတောင်မှ ချော်ရည်ပူ မှုတ်ထုတ်မှု ဖြစ်စဉ်သည် စက်တင်ဘာ ၁၆ ရက် နံနက် ၇ နာရီ ၁၅ မိနစ်က ပထမ အကြိမ် အမြင့် ၁၅ ပေခန့်အထိ ချော်ရည်များ မှုတ်ထုတ်မှု တစ်ကြိမ်ဖြစ်ပွားပြီးနောက် နံနက် ၈ နာရီ ၁ဝ မိနစ်တွင် ဒုတိယ အကြိမ် ပေ ၅ဝ အမြင့်ထိ တစ်ကြိမ် ချော်ရည်မှုတ်ထုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲကျွန်းမြောက်ပိုင်း ကျေးရွာမှ မီးတောင်သည် ယခင်က သုံးနှစ်တစ်ကြိမ်၊ လေးနှစ်တစ်ကြိမ် ချော်ရည်များ မှုတ်ထုတ်ခဲ့ကြောင်းနှင့် ယခုအကြိမ်မှာ လေးနှစ်ကြာမှ ချော်ရည် ပူများ မှုတ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချော်ရည် မှုတ်ထုတ်မှု ဖြစ်ပွားခြင်းကြောင့် မီးတောင်အနီးရှိ လယ်ဧက ၁ ဒသမ ၅ ဧကခန့် ချော်ရည်ပူ ဖုံးလွှမ်းပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117