Connect with us

Environment, Disasters & Accidents

ရေတာရှည်မြို့နယ် အမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁၄ ဦး ဒဏ်ရာရရှိ

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ ၀၅း၂၀ နာရီ အချိန်တွင် ရေတာရှည်မြို့နယ် အမြန်လမ်း မိုင်တိုင် (၁၆၇/၃-၄) ကြား၌ ဇော်ထွန်းအောင်(၄၀)နှစ် မောင်းနှင်ပြီး ဦးအောင်ဇော်မြင့်(၄၃)နှစ်ပါ ၁၈ ဦး လိုက်ပါလာသည့်8E/ ××××Light Truck ဘုရားဖူးယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ် ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ရာ ဦးအောင်ဇော်မြင့်ပါ ၁၄ ဦး(ကျား ၄၊မ ၁၀)တို့တွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ ကြောင်းနှင့် ၀၆း၄၀နာရီ အချိန်တွင် ဇော်ထွန်းအောင် အား သာဂရအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇(ပေါ့လျော့ မှုကြောင့်ပြင်းထန်/ သာမန်နာကျင် စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.