Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုများအား ရှင်းလင်း

မိုးရွာသွန်းမှုကြောင့် ပြိုကျနေသော လမ်းများအား ရှင်းလင်းစဉ် (MOI)

ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုများအား ရှင်းလင်းလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မန်တုံ-ဟူတုံ-လွယ်ခမ်း- နားအော်လေး ကျေးရွာထိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ခဲ့သည့် မြေသားလမ်း (၁၅)မိုင်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ဖောက်လုပ်ခဲ့သည့် ကျောက်ချောလမ်း (၁၀)မိုင် စုစုပေါင်း(၂၅)မိုင်ရှိသည့် လမ်းမပေါ်ရှိ မန်တုံနှင့် ဟူတုံကျေးရွာ ကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေများပြိုကျကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေများပြိုကျကာ လမ်းပိတ်ဆို့မှုများကို ဒေသခံ တိုင်းရင်းသားများ အဆင်ပြေ ချောမွေ့စွာ ပြန်လည်သွားလာနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ လက်ရှိတွင် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။(Xinhua)