Connect with us

Asia

အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားမှုကြောင့် လူခုနစ်ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ် Tana Toraja နယ်မြေတွင် မြေပိုမှုဖြစ်ပွားသောနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (BPBD Tana Toraja/Handout via Xinhua)

ဂျကာတာ၊ မေ ၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း တောင်ဆူလာဝေဆီပြည်နယ်၌ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများနှင့် ရေကြီးမှုများဖြစ်ပွားသဖြင့် လူခုနစ်ဦး သေဆုံးကြောင်း ပြည်နယ်ဘေးအန္တရာယ်လျော့ပါးရေး အေဂျင်စီက မေ ၃ ရက်တွင် ပြောကြားသည်။

မေ ၂ ရက် ညနေပိုင်းမှစကာ ပြည်နယ်အတွင်း ဒေသ ခြောက်ခု၌ ရုတ်တရက်ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ပြည်နယ်အဝေးပြေးလမ်းမကြီးပေါ်ရှိနေရာများ၌ ရေကြီးရေလျှံမှုဖြစ်ပွား သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် အဆောက်အအုံများ၏ အရေအတွက်ကို မသိရှိရသေးဘဲ ကယ်ဆယ်ရေးသမားများက ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း တောင်ဆူ လာဝေဆီ ပြည်နယ်ဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီမှ အကြီးအကဲ ဖြစ်သူ အမ်ဆန်ပန်ဒိုလိုက ပြောကြားသည်။ (Xinhua)

…………………………..
(English Version)
Flooding, landslides kill 7 in eastern Indonesia
JAKARTA, May 3 (Xinhua) — The latest landslides and flooding triggered by prolonged heavy rains have killed seven people in Indonesia’s eastern province of South Sulawesi, according to the province’s disaster mitigation agency on Friday.
Flash floods and landslides have occurred in six regions in the province since Thursday evening. Parts of the provincial highway were reportedly inundated, causing huge traffic jams.
The head of South Sulawesi disaster mitigation agency Amson Pandolo told local media that those killed were identified as villagers of Latimojong in the region of Luwu.
The number of houses and public facilities damaged in the disasters remained unknown, and rescuers have focused their efforts on evacuating and helping the affected people, he added. ■

This photo provide by Regional Disaster Management Agency (BPBD) Tana Toraja shows Search and Rescue (SAR) team members operating at the site of a landslide in Tana Toraja, South Sulawesi, Indonesia, April 15, 2024.(BPBD Tana Toraja/Handout via Xinhua)