Environment, Disasters & Accidents
လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)
ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ မြန်မာနိုင်ငံတစ်ပြည်လုံးတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း၊ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ ရွှေဘိုမြို့တွင် (၃.၂၃)လက်မ၊ မိုးကုတ်မြို့တွင် (၃.၁၁)လက်မ၊ ရန်ကုန်(ကမ္ဘာအေး)တွင် (၂.၀၁)လက်မ၊ ပဲခူးမြို့တွင် (၁.၈၁)လက်မ၊ ပလက်ဝမြို့တွင် (၁.၆၉)လက်မ၊ နမ့်စန်မြို့တွင် (၁.၄၂)လက်မ၊ မင်္ဂလာဒုံမြို့တွင် (၁.၃၀)လက်မ၊ လွိုင်လင်မြို့တွင် (၁.၂၂)လက်မ၊ လားရှိုးမြို့တွင် (၁.၁၄)လက်မနှင့် ပြင်ဦးလွင်မြို့တွင် (ဝ.၇၉)လက်မတို့ ဖြစ်ကြောင်းသိရသည်။ (Xinhua)