Connect with us

Environment, Disasters & Accidents

လှိုင်သာယာမြို့နယ်၌ ကျူးကျော်နေအိမ်များ မီးလောင်ကျွမ်းပြီး လူသေဆုံးမှုရှိဟုဆို

ကျူးကျော်တဲများ မီးလောင်ကျွမ်းနေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ စက်မှုဇုန် ၄ တွင် ယနေ့ နေ့လည် ၁၂နာရီ ဝန်းကျင်က ကျူးကျော်နေအိမ်များ မီးလောင်ကျွမ်းပြီး လူတစ်ဦးသေဆုံးမှုရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဆင်ဟွာသို့ပြောကြားသည်။

“ သေတာက တစ်ဦးထဲပါ ၊ မီးလောင်လို့ ၈ပေ၁၅ပေ တဲလေးတွေ ၇၀လောက် မီးထဲပါသွားတယ်၊ အဲကျူးကျော်အိမ်တွေမှာနေတဲ့ ကျန်းမာရေးမကောင်းတဲ့ လူက ထင်းမီးမွှေးထားရာကနေ ထရံတွေမီးစွဲပြီး စလောင်တာပါ”ဟု ၎င်းက ဆိုသည်။

ယနေ့ နေ့လည် ၁၂နာရီဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့ပြီး ၁၂နာရီ ၁၅မိနစ်တွင် မီးငြိမ်းသတ်ခဲ့ကြောင်း မီးလောင်မှုအဆင့်ကို level-2သတ်မှတ်၍ မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

“ ကျူးကျော်နေတဲ့အိမ်တွေက များတော့ သေချာတော့မသိနိုင်ဘူး၊ မီးလောင်တဲ့ထဲက လူ ၅ဦး ၆ဦးလောက်တော့ သယ်ထုတ်သွားတာတွေ့တယ်၊ သေတာလားဒဏ်ရာရတာလားတော့မသိဘူး”ဟု မီးလောင်ကျွမ်းမှုအား သွားရောက်ကြည့်ရှု့သူ စက်ရုံဝန်ထမ်းတစ်ဦးက ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်သူများအား ယာယီနေထိုင်ရန် နေရာများ စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.