Connect with us

Environment, Disasters & Accidents

အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက် မိုးဇလထုတ်ပြန်

အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်အားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တိုင်ဖွန်းမုန်တိုင်း တမ်ဘင် သည် လေပွေလှိုင်းအဖြစ်ပြောင်းလဲပြီးနောက် အဆိုပါလေပွေလှိုင်းများ ၏ အရှိန်ကြောင့် ဒီဇင်ဘာလ ၂၆ ရက် နေ့ မှ ၂၈ ရက်နေ့ အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်တချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ တွင် နေရာစိပ်စိပ် နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း နှင့် အတူလေပြင်းတိုက်ခြင်းများအား ကြိုတင်သတိပြုရန် မိုးဇလမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.