Connect with us

Environment, Disasters & Accidents

အပူပိုင်းပစိဖိတ်သမုဒ္ဒရာ ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ လာနီညာအခြေအနေ၌ ဆက်လက်တည်ရှိနေ

မိုးဇလထုတ်ပြန်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ လာနီညာအခြေအနေ၌ ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

လာနီညာ ဖြစ်ပေါ်မှုခန့်မှန်းသည့် သင်္ချာပုံစံမော်ဒယ် များအရ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ- မတ်လ- ဧပြီလတွင် လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းမှာ ၅၂% အထိရှိနေပြီး၊ ၂၀၁၈ခုနှစ်၊ မတ်လ- ဧပြီလ- မေလတွင် ၃၁%၊ ၂၀၁၈ခုနှစ်၊ ဧပြီလ- မေလ- ဇွန်လတွင် ၁၇% သို့ ပြန်လည်လျော့ကျ လာနိုင်ပြီး၊ ပုံမှန်ဖြစ်မြဲအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည့် ရာခိုင်နှုန်းမှာ ၈၁% ဖြစ်နိုင်ကြောင်း သိရသည်။

ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် နွေရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက် ခတ်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတု ဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သော်လည်း လာနီညာမှ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိပါက အဆိုပါဖြစ်စဉ်များ လျော့နည်းသွားနိုင်ကြောင်း မိုးဇလ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.