Connect with us

Environment, Disasters & Accidents

အမြန်လမ်း မိုင်တိုင်အမှတ် (၂၉၈) အနီး ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက် ၍ ခရီးသည် ၁၅ ဦးဒဏ်ရာရ

ရန်ကုန်မှ မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၉၈) အနီး ခိုင်မန္တလေး ခရီးသည်တင်ယာဉ် တိမ်းမှောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မိတ္ထီလာမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၉၈) အနီးတွင် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသော ခရီးသည်တင် ယာဉ်တစ်စီးသည် ယမန်နေ့ နံနက် ၄ း၂၅ နာရီ က တိမ်းမှောက်မှု ဖြစ်ပွားပြီး ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်း ဦးထွန်းမြင့် မောင်းနှင်လာသည့် ခိုင်မန္တလေး ခရီးသည်တင်ယာဉ် အမှတ် 3D/— ယာဉ်မှာ ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာစဉ် အမြန်လမ်း မိုင်တိုင်အမှတ်(၂၉၅ မိုင် ၇ ဖာလုံ) အရောက်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအပါအဝင် ခရီးသည်အမျိုးသား ရှစ်ဦး၊ အမျိုး သမီး ခုနစ်ဦး စုစုပေါင်း ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရရှိသူများကို မိတ္ထီလာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယ တပ်ရင်းမှူးဦးနေဦးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ၍ ခရိုင်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ပြင်ပလူနာဌာန သို့ ပို့ဆောင်ကုသ ပေးခဲ့ကြောင်း သိရသည်။ (Xinhua)