Connect with us

Environment, Disasters & Accidents

လေးမျက်နှာမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျ ၊ မိသားစု ၂၆ စု ယာယီ ရွှေ့ပြောင်းခဲ့ရ

ဧရာဝတီတိုင်း ဒေသကြီး လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာအုပ်စု ကမ်းနားလမ်းရပ်ကွက်၌ ငဝန်မြစ်ကမ်းပါးပြိုကျနေသည် ကိုတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်း ဒေသကြီး လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာအုပ်စု ကမ်းနားလမ်းရပ်ကွက်၌ ငဝန်မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ပြီး မိသားစု ၂၆ စု ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် ခြောက်လုံး ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရပြီး မိသားစု ၂၆ စု ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း၊ အဆိုပါ အိမ်ထောင်စုများအား အိမ်ထောင်စု တစ်စုလျှင် ဆန်လေးပြည် နှင့် ရေသန့်ဘူး ခြောက်ဘူး တို့ကို သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ပစ္စည်းများ အရန်စုဆောင်း ထားရှိမှုမှ ထောက်ပံ့ပေး ထားကြောင်း သိရသည်။

မြစ်ကမ်းပါးပြိုကျရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် NGO အဖွဲ့များမှ ကွင်းဆင်းကြည့်ရှုပြီး နေအိမ်များ အန္တရာယ်ကင်းစေရန် ရွှေ့ပြောင်းရေးကိစ္စများ ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိကာ ဆည်မြောင်း ဦးစီးဌာနကလည်း မြစ်ကမ်းပါး ထပ်မံပြိုကျမှု မဖြစ်ပွားစေရေးအတွက် မြစ်ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ မြေပြိုကျမှုသည် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.