Connect with us

Environment, Disasters & Accidents

အယ်နီညိုကြောင့်ယခုရက်ပိုင်းတွင် အပူချိန်မြင့်တက်နိုင်သဖြင့် ကျန်းမာရေး နှင့်လျှပ်စစ်အန္တရာယ်များ ကာကွယ်ရန်လိုအပ်

အယ်နီညိုရာသီနှိုင်းယှဉ်ပြသည့်ပုံအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-- ဒေါက်တာထွန်းလွင် Facebook)

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အယ်လ်နီညိုကြောင့် ယခုရက်ပိုင်းအတွင်း မကွေးတိုင်းအနောက်တောင်ပိုင်းမှာ 40°C(104°F) ကိုရောက်နိုင်ပြီး၊ တစ်ပတ်အတွင်းမှာ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတွေမှာ40°C(104°F) ကိုရောက်နိုင်ကြောင်း ၊ ထို့ကြောင့် အယ်နီညိုကြောင့် ဖြစ်နိုင်သည့် ကျန်းမာရေးပြသနာများအား ကာကွယ်ရန်လိုအပ်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာဦးထွန်းလွင်ထံမှ သိရသည်။

နွေအခါမှာ ဖြစ်မြဲ အပူချိန်များထက် ကျော်လွန်သည့် အတွက် အလွန် ပူပြင်းသည့် နွေရာသီ ဖြစ်စေတတ်သလို ဆောင်းရာသီကာလမှာလည်း ဖြစ်မြဲ အပူချိန် အထက်ကို ကျော်လွန်တဲ့အတွက် အအေးပေါ့တဲ့ ဆောင်းရာသီ မျိုးပဲ ဖြစ်ပေါ်နေလေ့ ရှိကြောင်း၊ မိုးရွာသွန်းမှု အနေနှင့့် ရွာသွန်းမှုအောက် လျော့နည်းသည့် အတွက် ခြောက်သွေ့သည့် ရာသီဥတုကို ဖြစ်စေတတ်တာ ဖြစ်ကြောင်း ၊အယ်လ်နီညိုကို အကြောင်းပြုပြီး ယခု ၂၀၁၆ သည် အထူးသတိထားရမည့် နှစ်ဖြစ်ကြောင်း ဦးထွန်းလွင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ပြင်းထန်သည့် အယ်လ်နီညို ရာသီဥတုကြောင့် တရုတ်၊ အမေရိကန် ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ အပူချိန်တွေစံချိန်တင်အောင်
မြင့်တက်ခဲ့ရာမှာ ရာသီဥတုပြင်းထန်မှုကြောင့် လူပေါင်း( ၂၂ ,၇၃၁)ဦးအသက်ဆုံးရှုံးခဲ့ရပြီး ငွေကြေးဆုံးရှုံးရမှုမှာ အမေရိကန်ဒေါ်လာ (၆၆.၅)ဘီလီယံအထိရှိခဲ့ကြောင်း သိရသည်။

ယခင်နှစ်များက ပုံမှန်ထက်အပူ ချိန်များခဲ့သော်လည်း ဖေဖော် ဝါရီလနှောင်းပိုင်းမှသာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတချို့၌ မြေဆီ လွှာအောင်းရေ ခြောက်သွေ့အဆင့် သို့ရောက်ရှိခဲ့ကြောင်း၊ ယခုအခါ အပူချိန်မြင့်တက်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာအထိ ရင်ဆိုင်နေရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ ခြောက်သွေ့အဆင့် သို့ စတင် ရောက်ရှိနေ ခြင်းဖြစ်ကြောင်း မိုးလေသ၀ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှ တာဝန်ရှိသူက “ ပုံမှန် အပူချိန် ထက် နေရာတိုင်းမှာ ပိုမယ်။ တိုင်းနဲ့ ပြည်နယ်တချို့မှာဆိုရင် အပူချိန် ၇၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း အထိ ပူနိုင်တယ်လို့ အကြမ်းအားဖြင့် ခန့်မှန်းထားပါတယ်။ အပူဆုံးကာလတွေကတော့ ဖေဖော်ဝါရီ၊မတ်၊ဧပြီလ တွေပါ’’ ဟုပြောသည်။

အပူနဲ့ ကျန်းမာရေး

အပူဒဏ်ကြောင့် ကျန်းမာရေးပြသနာ ၆မျိုးဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အငြိမ်းစားဒုတိယ ညွှန်ကြားရေးမှူးဒေါက်တာသန်းထွဋ်က ဆင်ဟွာကိုပြောသည်။

အပူဒဏ်ကြောင့် ချွေးထွက်နိုင်ကြောင်း၊ ရေဓါတ်၊ဆားဓါတ် ဆုံးရှုံးနိုင်ကြောင်း၊ နုန်းခြင်း၊ နွမ်းခြင်းများ ခံစားရနိုင်ကြောင်း၊ ရေဓါတ်၊ဆားဓါတ်ဆုံးရှုံးမှုကြောင့် သတိလစ်ပြီး မူးလဲကျနိုင်ပြီး လေဖြတ်သည့် အထိ ဖြစ်နိုင်ကြောင်း၊ အပူဒဏ်ကြောင့် ဖောရောင်ခြင်း၊ ကြွက်တက်ခြင်း၊ မိတ်ပေါက်ခြင်းများ ဖြစ်ပွါးနိုင်ကြောင်း ဆိုသည်။

ကာကွယ်ရန်

မနက်စောစောရေချိုးရန်၊ ညနေ ၅ နာရီနောက်ပိုင်းတွင် ရေချိုးရန်၊ အပြင်သွားပါက UV ပါသည့်ထီးအားယူသွား ရန်၊ ဦးထုပ်(ကောက်ရိုးမြက်ဦးထုပ်) မျိုးဆောင်းရန်၊ ချည်ထည်အဝတ်အစားများ ဝတ်ဆင်ရန်၊ အရောင်ဖျော့ဖျော့များ ဝတ်ဆင်ရန်၊ ခရမ်းလွန်ရောင်ခြည်ပါနိုင်သည့်အတွက် နေရောင်ကာလိမ်းဆေးများလိမ်းရန်၊ ရေများများသောက်ပေးရန်၊ ရေဓာတ်၊ဆားဓာတ် ဖြည့်ပေးနိုင်မည့် အချိုရည်များသောက်ရန် ဆောင်ရွက်သင့်ကြောင်း ဒေါက်တာ သန်းထွဋ်ကဆိုသည်။

လျှပ်စစ်အန္တရာယသတိထားသင့်

အယလ်နီညို ရာသီဥတုဖြစ်စဉ်တွင် လျှပ်စစ်ပစ္စည်းများ၏ အပူချိန်မြင့်တက်လာနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား ဖြန်ဖြူးပေးနေသည့် ထရန်စဖော်မာများ၏ စွမ်းဆောင်ရည်ကို လျှော့ချသုံးစွဲသွားမှာဖြစ်ပြီး လျှပ်စစ်ပစ္စည်းတွေ သတိထားသုံးစွဲရန်လိုအပ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.