Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီး ထမံသီအနီး အင်အားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ မြေငလျင် လှုပ်ခတ်
ရန်ကုန် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ထမံသီအနီး အင်အားရစ်(ခ်)တာစကေး ၄.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုသည် ယနေ့ဧပြီ ၂၀ ရက် နေ့လည်ပိုင်း အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ထိုမြေငလျင်သည် မြန်မာနိုင်ငံ ပြည်တွင်း စစ်ကိုင်းတိုင်းဒေသကြီး ထမံသီ၏ အရှေ့တောင်ဘက် (၁၀) မိုင်ခန့် အကွာ ဗဟိုပြု၍ လှုပ်ခတ်ခဲ့ပြီး ငလျင် ဗဟိုချက်မှာ တောတောင်များ အတွင်း၌ ဖြစ်ပြီး ငလျင် အနက်မှာ ၁၄၆ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကာ အနီးတစ်ဝိုက် သိရှိ ခံစားမိကြောင်း သတင်း ရရှိမှု မရှိကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယနေ့ဧပြီ ၂၀ ရက်တွင် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၄.၈ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင် တစ်ခု လှုပ်ခတ် သွားခဲ့ပြီး ယခု စစ်ကိုင်းတိုင်းဒေသကြီး ထမံသီအနီး လှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ ဒုတိယ အကြိမ် ဖြစ်ကြောင်း သိရသည်။(Xinhua)