Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် ၂၀၁၉ ခုနှစ်၊ မေလ (၂၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၂၄)မိနစ်၊ (၂၄)စက္ကန့် အချိန်တွင် (မော်လိုက်မြို့၏ အရှေ့မြောက်ဘက် (၂၅)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၉၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၆) ဒီဂရီ၊ အနက် (၈၁)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)