Environment, Disasters & Accidents
စစ်တောင်းမြစ်ရေတိုက်စားမှုခံရသည့် ရွှေကဇောင်းကျေးရွာတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် နေအိမ်အများအပြားရွှေ့ပြောင်းခဲ့ရသော ရွှေကဇောင်းကျေးရွာတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ အရှေ့ဘက် လေးမိုင်ခန့်အကွာရှိ ရွှေကဇောင်း ကျေးရွာသည် နှစ်စဉ်စစ်တောင်းမြစ်ကမ်းပါး များ ပြိုကျမှုကြောင့် လူနေအိမ်များစွာ ရွှေ့ပြောင်းခဲ့ကြရပြီး အခက်အခဲများစွာကြုံ တွေ့နေကြရသည့်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝဘေး ရန်ပုံငွေ ကျပ် ၄၃.၇ဝဝ သန်းဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ်းပြိုကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ယခုအခါ ၆၅ ရာခိုင်နှုန်းပြီးစီး နေပြီ ဖြစ်ကြောင်းသိရသည်။
မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြစ်တစ်ဖက်ကမ်းရှိ သဲသောင်များကို တူးဖော်နိုင်မည်ဆိုလျှင်ရေစီး နှုန်း ၇ဝ ရာခိုင်နှုန်း၊ ကျေးရွာဘက်တွင် ရေစီးနှုန်း ၃ဝ ရာခိုင်နှုန်းသာ စီးဆင်းနိုင်သည် အထိ ပြောင်းလဲသွားနိုင်ပြီး ကျေးရွာဘက်မှ အမာခံကမ်းပြိုလုပ်ငန်းများ ဆောင်ရွက် မည်ဆိုပါက ကုန်ကျငွေကျပ် သန်း ၄၅ဝ အထိ ကုန်ကျနိုင်သည့်အတွက် ပြည်ထောင်စုဘတ် ဂျက်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)