Environment, Disasters & Accidents
ပေါက်မြို့၏ အနောက်တောင်ဘက် ၅မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့် ရှိငလျင်လှုပ်ရှား

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ယနေ့နံနက်တွင် မြန်မာနိုင်ငံပြည်တွင်း (ပေါက်မြို့၏ အနောက်တောင်ဘက် ၅မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့် ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ (၃)ရက်နေ့ မြန်မာစံတော်ချိန် (၀၀)နာရီ (၄၃)မိနစ် (၅၁)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၁၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ပေါက်မြို့ ၏ အနောက်တောင်ဘက် ၅မိုင်ခန့်အကွာ တွင် ငလျင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ထိုငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။ (Xinhua)