Connect with us

Environment, Disasters & Accidents

ဖြူးချောင်း ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ မီးလောင် ပျက်စီးမှုများအား အမြန်ဆုံး ပြုပြင်နိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိ

ဖြူးချောင်း ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းအား စစ်ဆေးနေစဉ်(ဓာတ်ပုံ- Ministry of Electricity and Energy, Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

ဖြူးချောင်း ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ မီးလောင်ပျက်စီးမှုများအား အမြန်ဆုံး ပြုပြင်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ယနေ့အောက်တိုဘာ ၂ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ဓာတ်အားပေး စက်ရုံသည် စက်တင်ဘာ ၃၀ ရက် ည ၉ နာရီ ၊ ၄၀ မိနစ် အချိန်တွင် Generator Switchgear Room အတွင်းမှ 11 kV Bus Flashover ဖြစ်ခြင်းကြောင့် မီးများ ပြင်းထန်စွာ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ၂၃၀/၁၁ ကေဗွီ ၂၅ အမ်ဗွီအေ ထရန်စဖော်မာ ၁ လုံး ၊ ၁၁ ကေဗွီ မြေအောက် ဓာတ်ကြိုး နှင့် Control Cable များ ပျက်စီးခဲ့ပြီး လူများ ထိခိုက် ဒဏ်ရာ ရမှု မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဓာတ်အားပေး စက်ရုံ မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန ၊ ဒုတိယ ဝန်ကြီးသည် တာဝန်ရှိသူများ နှင့် အတူ အောက်တိုဘာ ၁ ရက်တွင် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြူးချောင်း ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံသည် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဓာတ်အား စနစ် အတွင်းသို့ဓာတ်အား ထုတ်လုပ် မောင်းနှင် ပေးလျက် ရှိသည့် ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၂၇ ရုံ အနက်မှ ၁ ရုံ ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.