Environment, Disasters & Accidents
ပဲခူးတိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ် ၄၃၇လုံး ပျက်စီး

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဧပြီ ၁၈ရက် ည ၈ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီ မြစ်နှင့် မြစ်မခမြစ်အနီးရှိ ကျေးရွာအုပ်စု (၁၀)အုပ်စုမှ နေအိမ် ၄၃၇ လုံး ပျက်စီး ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ဆင်မနီ ကျေးရွာအုပ်စု၊ လုလင်ကျော် ကျေးရွာအုပ်စု၊ သာရဝေါ ကျေးရွာအုပ်စု၊ အိုင်တလုတ် ကျေးရွာအုပ်စု၊ အောင်လံကုန်း ကျေးရွာအုပ်စု၊ ခမုံဆိပ် ကျေးရွာအုပ်စု၊ ဇီးဖြူကုန်း ကျေးရွာအုပ်စု၊ ကညင်တို ကျေးရွာအုပ်စုနှင့် ဗောဓိပင် ကျေးရွာ အုပ်စုတို့တွင် လူနေအိမ် ၃၈ လုံးပြိုလဲပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး (၁၁,၄၀၀,၀၀၀)ကျပ်ခန့်၊ လူနေအိမ် ၃၉၉ လုံး အမိုးလန်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၅၉,၈၅၀,၀၀၀)ကျပ်ခန့်၊ စုစုပေါင်းပျက်စီးဆုံးရှုံးမှု တန်ဖိုး (၇၁,၂၅၀,၀၀၀) ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။(Xinhua)