Environment, Disasters & Accidents
မန္တလေး- လားရှိုး – မူဆယ် ကားလမ်း ဂုတ်တွင်း၌ ပိတ်ဆို့မှု ဒုတိယအကြိမ် ဖြစ်ပွား
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီး၏ မန္တလေး- လားရှိုး- မူဆယ် ကားလမ်းပေါ်ရှိ နောင်ချို မြို့နယ်နှင့် ကျောက်မဲမြို့ နယ်အကြား ဂုတ်တွင်းလမ်း၌ မတ်လ ၃ ရက် နံနက်ပိုင်း၌ ဒုတိယအကြိမ် လမ်းပိတ်ဆို့မှု ထပ်မံ ဖြစ်ပွားခဲ့သည်။
အဆိုပါ ဂုတ်တွင်းလမ်း၌ ဖေဖော်ဝါရီလ ၂၉ ရက် ည ၁ဝ နာရီ မှစ၍ တွဲကားကြီး တစ်စီး ကန့်လန်ခံ ပိတ်ဆို့သွားခဲ့မှုကြောင့် မန္တလေးဘက်မှ လာသော ယာဉ်များနှင့် မူဆယ် လားရှိုး ဘက်မှ လာသော ယာဉ်များ ဂုတ်တွင်း၌ ယာဉ်ကြော ပိတ်ဆို့ခဲ့ရာ သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် တာဝန် ရှိသူများ ကြီးကြပ် ဆောင်ရွက်ပေးခဲ့၍ မတ်လ ၂ ရက် ညပိုင်းက ကားလမ်း ပွင့်သွားခဲ့ပြီး မတ်လ ၃ ရက် နံနက်ပိုင်းက မော်တော်ယာဉ်များ လမ်းလုမောင်း ကြသဖြင့် အဆိုပါ ဂုတ်တွင်းလမ်း ထပ်မံ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
ယင်း ယာဉ်ပိတ်ဆို့နေသာ ယာဉ်တန်း ကြီးသည် ဂုတ်တွင်းမှ နောင်ချိုမြို့အထိ ရောက်လျက်ရှိသည်။
ဂုတ်တွင်း ကားလမ်း၌ ကွေ့အထပ်ပေါင်း ၃ဝ ကျော်ရှိသည့် အပြင် ကားကြီးများ ရာနှင့်ချီ ပြေးဆွဲ လာခြင်း၊ အဆင်းအတက်ရှိ အချို့ နေရာများ ကျဉ်းမြောင်းခြင်း တို့ ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုကို ဖြစ်ပေါ်စေသည်။ (Xinhua)