Connect with us

Environment, Disasters & Accidents

အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအတွင်း ဆောင်းခိုငှက် ၁ဝ,၁၃၆ ကောင် ဝင်ရောက် ကျက်စား

ဆောင်းခိုငှက်များ အားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအတွင်း ဆောင်းခိုငှက် ၁ဝ,၁၃၆ ကောင် ဝင်ရောက် ကျက်စားလျက် ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တော ဦးစီးဌာန သဘာဝ ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနထံမှ သိရသည်။

ယခင်နှစ်က ဆောင်းခိုငှက် ကောင်ရေ ၃,၉၃၂ ကောင်သာ အင်းလေးကန် အတွင်း ဝင်ရောက် ကျက်စား ခဲ့သည်။ငှက်စာရင်းကောက် မှတ်တမ်းများအရ ရေပျော်ငှက် မျိုးစိတ် ၃၂ မျိုး (၉,၇၆၁ ကောင်)၊ သစ်တောငှက် မျိုးစိတ် ၅၁ မျိုး (၁,၄ဝ၇ ကောင်)၊ ဆောင်းခို ငှက်မျိုးစိတ် ၃ဝ (၈,၆၆၅ ကောင်) တို့ကို တွေ့ရှိ မှတ်တမ်း တင်ခဲ့သည်။ ယခုနှစ် ငှက်စာရင်းကောက်မှတ်တမ်းများအရ ရေပျော်ငှက်မျိုးစိတ် ၃ဝ (၁၃,ဝ၃၃ ကောင်)၊ သစ်တောငှက် မျိုးစိတ် ၄၆ မျိုး( ၅၉၆ ကောင်)၊ ဆောင်းခို ငှက်မျိုးစိတ် ၂၃ မျိုး၊ ရေငှက် ၁၃ မျိုး (၁ဝ,၁၁၁ ကောင်)၊ ကုန်းနေငှက် ၁ဝ မျိုး (၂၅ ကောင်) စုစုပေါင်း ၁ဝ,၁၃၆ ဝင်ရောက်လျက် ရှိသည်။

ဆောင်းခိုငှက် စာရင်းကောက်ယူခြင်း လုပ်ငန်းကို စီမံချက်ချ ဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဇန်နဝါရီလတွင် ဆောင်းခိုငှက် စာရင်းကောက်ယူခြင်း လုပ်ငန်းကို ဆောင်းခိုငှက်များ နားခို ကျက်စားရာ အင်းလေးကန် ရေပြင်၊ သလဲဦး၊ အလယ်မြောင်း ကျေးရွာအနီးရှိ ငှက်သားပေါက် ဧရိယာတို့ အပြင် လင်းကင်းငှက် သားပေါက် ဧရိယာ၊ ငှက်သားပေါက် ဧရိယာများနှင့် ဆက်စပ်နေသည့် လယ်ကွင်းများ၊ သာစည် ကန်၊ နဒီကန်၊ ရေငယ်ကွင်း၊ သားငှက် ထိန်းသိမ်းရေး အထူးဇုန် အတွင်းရှိ ငှက်ကြည့်စင် ဧရိယာ၊ အင်းလေးကန် အတွင်းရှိ ရေခြံများအတွင်းနှင့် ဘီလူး ချောင်းတစ်လျှောက် တို့တွင် ခြောက်ကြိမ် ဆောင်ရွက်ခဲ့သည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.