Environment, Disasters & Accidents
မန္တလေးမြို့ သံလျှက်မော် တောင်ရပ်ကွက်တွင် အိမ်ခြေ ၁၈ လုံးမီးလောင်ကျွမ်းမှုဖြစ်ပွား
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် သံလျှက်မော် တောင်ရပ်ကွက် အကွက် ၄၄၆ သနပ်ပင်ရပ်တွင် ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ရွှေဖူးလွှာ ဓါတ်ပုံဆိုင်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး အိမ်ခြေ (၁၈)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
မီးလောင်ရာသို့ မီးသတ်ယာဉ် (၆၀)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း ၊မီးလောင်မှုကြောင့် အိမ်ထောင်စု (၂၂)စု၊ ကျား(၅၄)ဦး ၊ မ(၅၄)ဦး ပေါင်း (၁၀၈)ဦး မီးဘေးသင့်ခဲ့ရာ မြို့နယ် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး တို့က ကြီးကြပ်၍ မီးဘေးသင့် ပြည်သူများအား သံလျှက်မော် တောင်ရပ်ကွက် သနပ်ပင်ရပ်ရှိ ဓါတ်ပေါင်းတော် ဓမ္မာရုံနှင့် ရွာလယ်ဓမ္မာရုံတို့တွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)