Environment, Disasters & Accidents
မြို့လှမြို့ ၏ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အတွက် တွင် အင်အား ၄.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး၊ မြို့လှမြို့ ၏ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာမြောက်လတ္တီတွဒ် (၁၉.၄၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၇) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
၎င်းငလျင်သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၀၂)မိနစ်၊ (၀၈)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)