Connect with us

Environment, Disasters & Accidents

ယနေ့နံနက်တွင် လှုပ်ရှားခဲ့သည့် ငလျင်ကြောင့်  စစ်ကိုင်းတိုင်းဒေသကြီး ရှိ ဘုန်းတော်ကြီးကျောင်းတစ်ချို့ ၏ အုတ်နံရံများ အက်ကြောင်းထင်ခဲ့ 

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်၊ မတ်လ (၄)ရက် ယနေ့နံနက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၏ အနောက်မြောက်ဘက် (၂၁)မိုင် ခန့်အကွာ၌ လှုပ်ရှားခဲ့သည့် ငလျင်ကြောင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ နှင့် မော်လူးမြို့ ရှိ ဘုန်းတော်ကြီးကျောင်းတစ်ချို့ ၏ အုတ်နံရံများ အက်ကြောင်းများထင်ကြောင်းနှင့် ဘုရားကျောင်းဆောင်တစ်ခု၏ မုဒ်ဦး သက်ရောက်မှုရှိခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ထွေးကြည် က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဒေါ်ထွေးကြည်က “ဒီနေ့ မနက်မှာလှုပ်ခဲ့တဲ့ ငလျင်ကြောင့် အင်းတော်မြို့မှာ ဘုန်းတော်ကြီးကျောင်း ၃  ကျောင်း လောက် အုန်တံတိုင်း အက်ကြောင်းပေါ်၊ မျက်နှာကျက်အမိုးပဲ့တာတွေ ဖြစ်တယ်။ မော်လူးမှာ ဘုရားကျောင်းဆောင်ရဲ့ မုခ်ဦး ထိပြီး ဆွမ်းစားဆောင်ရဲ့နံရံမှာ အက်ကြောင်းပေါ်တာမျိုး ဖြစ်ခဲ့တယ်’’ ဟုပြောသည်။

အဆိုပါငလျင်သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၄)ရက်၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၅၀)မိနစ်၊ (၀၁)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၉၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကသာမြို့၏ အနောက်မြောက်ဘက် (၂၁)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၄၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၆)ဒီဂရီ၊ အနက်(၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ဖြင့်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက “ဒီငလျင်က စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်တဲ့ ငလျင်ဖြစ်တယ်။ အနက်တိမ်တဲ့ အတွက် အဲဒီနားတစ်ဝိုက်က လူတွေက ငလျင်လှုပ်ရှားမှု ကိုခံစားမိကြတယ်’’ ဟု ဆင်ဟွာကိုပြောသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.