Environment, Disasters & Accidents
ယာဉ်အားမဆင်မခြင်မောင်းနှင်ရာမှ ယာဉ်(၇)စီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွား
ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ယနေ့ နံနက် ၈း၅၀ နာရီ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းဆုံမီးပွိုင့်အနီးတွင် ယာဉ်(၇)စီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး နှင့်ကြီးကြပ်မှု ကော်မတီ မှ သတင်းထုတ်ပြန်သည်။
ထိုကဲ့သို့ ယာဉ် ၇ ဆင့်တိုက် ဖြစ်ပွားရခြင်းမှာ ယာဉ်အားမဆင်မခြင်မောင်းနှင်ရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)