Environment, Disasters & Accidents
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ပျက်စီး
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သံချောင်းကျေးရွာ နှင့် ပီပင်ရင်းကျေးရွာများတွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။
ဇွန် ၁၂ ရက် နံနက် ၉ နာရီ တွင် ရုတ်တရက်လေပြင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုလေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် သံချောင်း ကျေးရွာတွင် ဓနိမိုး၊ ထရံကာနေအိမ်နှစ်လုံးမှာ လုံးဝပျက်စီးသွား ပြီး၊ သံချောင်းကျေးရွာအုပ်စု ပီပင်ရင်းကျေး ရွာတွင် သွပ်မိုး၊ထရံကာနေအိမ်တစ်လုံးနှင့် ဓနိမိုး၊ ထရံကာနေ အိမ် သုံးလုံး စုစုပေါင်း နေအိမ်လေးလုံး အနည်းငယ်ပျက်စီးခဲ့သည်။
ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီး သွားသောနေ အိမ်များ ရှိ လေဘေးသင့် အိမ်ထောင်စုခြောက်စု မှာ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၃၁ ဦး ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)