Environment, Disasters & Accidents
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ မေလအတွင်း ယာဉ်မတော်တဆမှုများကြောင့် ရှစ်ဦး သေဆုံး
ရန်ကုန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ မေလအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
မေလအတွင်း ယာဉ်မတော်တဆမှု ၃၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရှစ်ဦး သေဆုံးခဲ့ကာ ၇၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်များတွင် ယာဉ်မောင်းများ မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်မှုကြောင့် ဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်း သိရသည်။
ထို့အတူ အချို့သော ယာဉ်မတော်တဆမှုများတွင် လမ်းကြောင့် လည်းကောင်း ၊ ရာသီဥတုကြောင့် လည်းကောင်း ၊ အမြန်လမ်းပေါ်တွင် တက်ရောက် မောင်းနှင်ခွင့်မရှိသော စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီး ၊ အနှေးယာဉ် များကြောင့် လည်းကောင်း ၊ လူနှင့်ကျွဲနွား တိရစ္ဆာန်များ လမ်းဖြတ်ကူးမှုကြောင့် လည်းကောင်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)