Environment, Disasters & Accidents
ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့ ၏ အနောက်-အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့ ၏ အနောက်-အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ တွင် အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၃၄)မိနစ်၊ (၄၆)စက္ကန့် အချိန်တွင်လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။ (Xinhua)