Environment, Disasters & Accidents
အား အနည်းငယ်ရှိသော အယ်နီညိုဖြစ်စဉ်သို့ ရောက်ရှိလျက်ရှိကြောင်း မိုးဇလထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ အရှေ့အလယ်ပိုင်း (East Central Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်ထက် အနည်းငယ် မြင့်တက်လျက်ရှိသဖြင့် အား အနည်းငယ်ရှိသော အယ်နီညိုဖြစ်စဉ်သို့ ရောက်ရှိလျက်ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
အယ်နီညိုဖြစ်စဉ်သည် ၂၀၁၉ ခုနှစ်၊ မေလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် (ဇန်နဝါရီ-ဖေဖော်ဝါရီ-မတ်)လအထိ အယ်နီညိုဖြစ်ပေါ်နိုင်မှု ရာခိုင်နှုန်းမှာ (၈၂%) အထိရှိနိုင်ပြီး၊ ၂၀၁၉ ခုနှစ်၊ (မတ်-ဧပြီ-မေ)လတို့တွင် (၆၆%)နှင့် ၂၀၁၉ ခုနှစ်၊ (မေ-ဇွန်-ဇူလိုင်)လတို့ တွင် (၅၂%)သို့ ပြန်လည်လျော့ ကျလာနိုင်ကြောင်း သိရသည်။
အယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးအပ်ပါ သည်။ အယ်နီညို ဖြစ်စဉ်အားပြောင်းလဲမှုရှိပါက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)