Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၌ ဆီဘောက်ဆာယာဉ် မီးလောင်ပေါက်ကွဲမှုကြောင့် အမျိုးသား ၃ ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၌ ဆီဘောက်ဆာယာဉ် မီးလောင်မှုအားငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၌ ဆီဘောက်ဆာယာဉ် မီးလောင်ပေါက်ကွဲမှုကြောင့် အမျိုးသား ၃ ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ ၀၉း၄၅ နာရီ ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာအနီး ဘုန်းပင်ရပ်၊ ဧရာဝတီမြစ်ကမ်း၌ ဆိုက်ကပ်ထားသော ပုဂ္ဂလိကပိုင် အေးချမ်းခွန်အား(၃)သင်္ဘောပေါ်မှ DENKO ကုမ္ပဏီပိုင် ဒီဇယ်ဆီများအား ကမ်းပေါ်တွင်ရပ်ထားသော ယာဉ်မောင်း အောင်ထွန်းမြတ် (၄၅)နှစ်နှင့် ယာဉ်နောက်လိုက် သက်နောင်ဦး တို့၏ 8E/xxxx ၁၂ ဘီး ဂါလံ ၅၀၀၀ ဆံ့ ဆီဘောက်ဆာယာဉ်သို့ သန်းထိုက်အောင်(ခ) အောင်သန်းထိုက်(ခ)အာကာ (၂၃)နှစ်မှ ဆီထည့်စဉ် ဆီဂေါက်နှင့် ဆီထည့်သည့်အပေါက် ပွတ်တိုက်မိ၍ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယာဉ် ၁ စီးနှင့် ဒီဇယ်ဆီ ၄၅၀ ဂါလံခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ၁၀း၁၀ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ပေါက်ကွဲမှုကြောင့် သန်းထိုက်အောင်(ခ) အောင်သန်းထိုက် နှင့်အမျိုးသား ၂ ဦးသည် အခင်းဖြစ်နေရာ၌ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ DENKO ကုမ္ပဏီဝန်ထမ်း ထွန်းထွန်းဝင်း(စိစစ်ဆဲ)နှင့် အမျိုးသား ၃ ဦးတွင် မီးလောင်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း ၁၁း၃၀ နာရီတွင် သေဆုံး/ဒဏ်ရာ ရရှိသူများအား ဗန်းမော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ထွန်းထွန်းဝင်းမှာ လမ်း၌ ထပ်မံသေဆုံးသွားခဲ့ကြောင်း နှင့် သန်းထိုက်အောင်(ခ)အောင်သန်းထိုက်(ခ) အာကာ (သေဆုံး)အား စင်းခန်းနယ်မြေရဲစခန်း(ပ) ၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၈၅ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု/မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.