Environment, Disasters & Accidents
ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့၏ အနောက်ဘက် (၂၃)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့၏ အနောက်ဘက် (၂၃)မိုင်ခန့်အကွာ တွင် အနက် (၄၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
၎င်းငလျင်သည် ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၅၂)မိနစ်၊ (၅၈)စက္ကန့် အချိန်တွင်လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)