ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက တစ်နိုင်ငံလုံးအတွက် ပြည်ပမှ တင်သွင်းရောင်းချနေသော ကုန်စည်များအပေါ် မမှန်မကန်တင်သွင်းမှုများ ဖော်ထုတ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေ၊ အကောက်ခွန်ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က လိုင်စင်၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက် အထိ လိုင်စင်စုစုပေါင်း ၁၉၈ ခု ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ စက်တင်ဘာလ ၂၁ ရက် အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၈,၃၂၀ ဦး ရှိပြီး၊ သေဆုံးသူ ၁၀၇ ဦးရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်၊၊
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် နောက်ဆုံးပြင်ဆင်မှုအဖြစ် မန္တလေးမြို့၌ ပြည်တွင်း၊ ပြည်ပ ခြေစမ်းပွဲ လေးပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စည်းကမ်းဖောက်ဖျက်သော အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိသည့် ကြားကားများအား ပိုမို ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် ယခု စီမံချက်များ ရေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုပေါင်း ၁၅မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ကလေးအလုပ်သမား ပပျောက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့ကို ဦးစားပေးစီမံကိန်းနယ်မြေများအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်း...
နေပြည်တော်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါတဲ့ e-Government ဖွံ့ဖြိုး တိုးတက် ကောင်းမွန်ရေး မှာ မဖြစ်မနေ လိုအပ်သည့် ယူနီကုဒ် စံစနစ်ကို ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းများ သုံးစွဲကြသူ တစ် ယောက် မကျန် အသုံးပြုရန် မြန်မာနိုင်ငံ...
ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လမ်းခင်းရန် ကျန်ရှိသော မြေသားလမ်းပေါင်း(၅၅၀)ခန့်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ခင်းပေးမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။