Connect with us

Politics, Law & Military

သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် က ပုံမှန် သတင်းစာရှင်းပွဲပြုလုပ်

သမ္မတအိမ်တော် ပုံမှန် သတင်းစာရှင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နို၀င်ဘာ ၁၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ ဖိအားများ ပိုများလာသော ကြောင့် ပြည်တွင်း၌စည်းလုံး ညီညွတ်ဖို ့ လိုအပ်သည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ယနေ ့ ညနေပိုင်းတွင် ပြောကြားခဲ့သည်။

“နိုင်ငံရေး အယူ၀ါဒတွေ ဘယ်လိုပဲ ကွဲပြားပါစေ ဒီလိုအခြေအနေမှာ၊ နိုင်ငံတကာ ဖိအားတွေ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ ့ကြုံရချိန်မှာ ပြည်တွင်းမှာ စည်းလုံးကြဖို ့ လိုပါတယ်” ဟု ၎င်းက သတင်းမီဒီယာများနှင့် နှစ်ပတ် တစ်ကြိမ်ခန် ့တွေ ့ဆုံသော သမ္မတအိမ်တော် News briefing တွင် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ICC ၏ တရားစွဲဆိုမှုတွေ ပေါ်ပေါက်လာမည်ကို လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက အစိုးရက ခန့်မှန်းမိပြီး ကြိုတင် ပြင်ဆင်ထားကြောင်း၊ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာ conventions များ၊ ICC ၏ mandate များကိုလေ့လာ လျက်ရှိကြောင်းနှင့် ဥပဒေကြောင်းအရ တုံ ့ပြန်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ် ပြသနာများ ပိုမို ကြီးထွားလာရခြင်းမှာ ဘင်္ဂလားဒေ့ရှ် ဘက်သို ့ ရောက်နေသည့် တိုက်ပွဲ ရှောင် ဒုက္ခသည်များအား ပြန်လည် လက်ခံ နေရာချထားရေးအတွက်နှစ်နိုင်ငံ သဘောတူညီ ချက် များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိသောကြောင့်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မှ နေရပ်စွန် ့ခွာသူများ ပြန်လည် ၀င်ရောက်လာမှုမှာ ယမန်နေ ့ နို၀င်ဘာ ၁၄ ရက်အထိ ၄၁၅ ဦးရှိပြီး ၎င်းတို ့အား ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်ပို ့ခြင်းမဟုတ်ဘဲ့မိမိတို ့အစီအစဉ်ဖြင့် မိမိတို ့ အရောက်ပြန် လာခဲ့သူများသာ ဖြစ်ကြောင်း၊ ICC ၏ တရားစွဲဆိုချက် စွပ်စွဲချက်များအတွက် ၂၀၁၈ ဧပြီ ၁၃ ရက်က တည်းက နိုင်ငံတော် အစိုးရက press release ထုတ်ထားကြောင်း၊ စွပ်စွဲမှုများကို မျက်စိမှိတ်ငြင်းပယ် နေခြင်း မဟုတ်ဘဲ အစိုးရက လွတ်လပ် သော စုံစမ်းရေးအဖွဲ ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေသကဲ့သို ့ တပ်မတော်ဘက်ကလည်း Court of Inquiry ဖွဲ ့ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို စုံစမ်းရေး အဖွဲ ့များ၏ တွေ ့ရှိဖော်ထုတ်ချက်များ အတိုင်း တာ၀န်ရှိသူများအား အရေးယူသွားမှာ ဖြစ်ကြောင်း၊ အာဂျင်တီးနား တရားရုံးက မြန်မာနိုင်ငံ ၏ အကြီးအကဲများအား တရားစွဲဆိုခြင်းကမူ နိုင်ငံ၏ အချုပ်အခြာကို ထိပါးလာခြင်းသာ ဖြစ်သောကြောင့် အထူးတလည် ဖြေရှင်းဖို ့ မရှိကြောင်း ပြောကြား ခဲ့သည်။

AA လက်နက်ကိုင်အဖွဲ ့က ချင်းအမတ် ဦးေ၀ှ ့တင်းအား မတရားဖမ်းဆီးထားပြီး ငွေကျပ် သိန်း သုံးထောင် တောင်းသည့် လုပ်ရပ်ကမူ ဆိုမာလီ ပင်လယ်ဓားပြများ၏လုပ်ရပ်မျိုးဖြစ်၍ ဓားပြသာသာ အဆင့်သာဖြစ်ကြောင်း၊ AA က သုံ ့ပန်း လဲလှယ်ရန် တောင်းဆိုမှုမှာ ဥပဒေနှင့် မညီကြောင်း၊ AA က ဖမ်းထားသူများသည် အပြစ်မဲ ့ ပြည်သူများသာ ဖြစ်ပြီး တပ်မတော်က ဖမ်းဆီး စစ်ဆေး၊ တရားရုံး တင် အရေးယူခြင်းမှာ ဥပဒေအရဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများသည် ဂျီနီဗာ ကွန်ဗင်းရှင်း ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များအရ သုံ ့ပန်းများ မဟုတ်ကြောင်း၊ ဥပဒေမဲ့ တိုက်ခိုက်သူများ ကို သုံ ့ပန်း ဟု မခေါ်ကြောင်း၊ AA အဖွဲ ့အား အစိုးရက သောင်းကျန်းသူ ဟူ၍ ပြောထားပြီးဖြစ် ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများသို့ လာရန် AA ကို ပြောထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် RCSS ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ ့တို ့ လာမည့် သီတင်းပတ် အတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် တွေ ့ဆုံကြရန် စီစဉ်ထားကြောင်း၊ NRPC အဖွဲ ့၀င်၊ တပ်မတော် ဘက်မှ ညှိနှိုင်း ဆွေးနွေးရေး အဖွဲ ့၀င် အရာရှိကြီး နှစ်ဦးလည်း ပါ၀င်မည် ဖြစ်ကြောင်းလည်း သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဖြေကြားခဲ့သည်။(Xinhua)