Connect with us

Politics, Law & Military

မြန်မာနိုင်ငံ တံဆိပ်ခေါင်း ဥပဒေ လွှတ်တော် အတည်ပြု

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်

နေပြည်တော်၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၉ နိုဝင်ဘာ ၆ ရက်နေ့တွင် တင်သွင်းခဲ့သည့် “မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား ပြည်ထောင်စုလွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။

အဓိက ပြင်ဆင်ချက်မှာ သက်ဆိုင်ရာ တန်ဖိုးအသီးသီးအတွက် သတ်မှတ်ထားသည့် တံဆိပ်ခေါင်း မကပ်ပါက ဒဏ်ကြေးငွေ ဆယ်ဆ ပေးဆောင်ရမည် ဟူသည့် ယခင်က ပြဌာန်းချက်အား ဒဏ်ကြေးငွေ သုံးဆ ပေးဆောင်ရမည်ဟု ဒဏ်ကြေးကို လျှော့ချလိုက်ခြင်း ဖြစ်သည်။ အခွန်ထမ်း ပြည်သူများ မနစ်နာစေရေးနှင့် ကျန်ပြည်သူများလည်း အခွန်ထမ်းလိုစိတ် များပြားလာရေးအတွက် ယခုကဲ့သို့ ပြင်ဆင် လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

စီမံ/ ဘဏ္ဍာ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း ရှင်းလင်း တင်ပြစဉ်။

အဆိုပါ ဥပဒေကြမ်းအား ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန် အစည်း အဝေး ပဉ္စမနေ့ အစည်းအဝေးတွင် ဥပဒေကြမ်းပါ အကြောင်းအရာများအား တစ်ပုဒ်ချင်းစီ အလိုက် အဆိုတင်သွင်းခြင်း။ ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်းနှင့် အပိုဒ်လိုက် အတည်ပြု ဆုံးဖြတ် ခြင်းတို့ကို ဆောင်ရွက်ပြီး ဖြစ်သောကြောင့် ဥပဒေကြမ်း တစ်ခုလုံးအား ဆွေးနွေး ဆုံးဖြတ်ထားသည့် အတိုင်း အတည်ပြုပေးပါရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117