ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကျပ် သိန်း ၁၄၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) အစိုးရအနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တိုးမြှင့်ခံစားခွင့်ပြုထားပြီး လက်ရှိတွင် တိုးမြှင့်ပင်စင်ထုတ်ယူရန် လူ ၂သိန်းခန့် ကျန်ရှိနေကြောင်း ပင်စင်ဦးစီးဌာနက ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဖလမ်းမြို့ရှိ ဆူရ်ဘုန် လေယာဉ်ကွင်းတည်ဆောက်မှုတွင် ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြန်မာ နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ တတိယအကြိမ်အဖြစ် ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မြန်မာ့အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပခဲ့သည့် National Sport Seminar ၏ ရလဒ်များအတိုင်း အမြန်ဆုံး ဆောင်ရွက်ရန်အရေးကြီးကြောင်း နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာရှိ သူဌေးချောင်းပေါ်၌ သူဌေးရေအား လျှပ်စစ် စီမံကိန်းတည်ဆောက်မှုလုပ်ငန်းသည် ၅၁ ဒသမ ၀၃ ရာခိုင်နှုန်း ပြီးစီးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သူဌေးချောင်းပေါ်တွင် ရေလှောင်တမံ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် နောက်ဖေးလမ်းကြား ရေမြောင်းမရှိသည့် ရပ်ကွက်များ၌ မိလ္လာသန့်စင်စနစ်ထက် ပို၍ သင့်တော် သောစနစ်ဖြင့် ဆောင်ရွက်လိုကြောင်း တင်ပြလာပါက ခွင့်ပြုပေးသွားမည်ဖြစ်ပြီး အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) နိုင်ငံတကာငွေပေးချေမှုကွန်ရက် UnionPay၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး မီဒီယာတွေ့ဆုံ မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ခြောက်ဘီး ယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် လမ်းဘေး ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ကာ ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန္နီမြို့ နယ်တွင် ငွေကျပ် သိန်း၆၆၀တန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ်သိန်း၈၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။