Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးတွင် နောက်ဖေးလမ်းကြား ရေမြောင်းမရှိသော ရပ်ကွက်များ၌် မိလ္လာသန့်စင် စနစ်ထက် ပို၍သင့်တော်သည့် စနစ်ကို တင်ပြလာပါက ခွင့်ပြုပေးမည်

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တွင် နောက်ဖေးလမ်းကြား ရေမြောင်းမရှိသည့် ရပ်ကွက်များ၌ မိလ္လာသန့်စင်စနစ်ထက် ပို၍ သင့်တော် သောစနစ်ဖြင့် ဆောင်ရွက်လိုကြောင်း တင်ပြလာပါက ခွင့်ပြုပေးသွားမည်ဖြစ်ပြီး အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ အဋ္ဌမပုံမှန် အစည်းအဝေးကို ယနေ့၊ နံနက် (၁၀) နာရီက ကျင်းပခဲ့ပြီး၊ယင်းအစည်းအဝေးတွင် စမ်းချောင်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှ မိလ္လာရေပုပ်စုပ်စနစ် Treatment (Up-Flow System) ဖြင့် ဆောင်ရွက်ခြင်းအား ရေးစီး ရေလာကောင်းမွန်ပြီး အိမ်ရှေ့၊ အိမ်နောက် ရေမြောင်းများမရှိသည့် မြို့နယ်၊ ရပ်ကွက်များတွင် အခြားစနစ် တစ်ခုဖြင့် ပြောင်းလဲသုံးစွဲရန် အစီအစဉ်ရှိ၊မရှိကို သိလိုပါကြောင်း မေးမြန်းရာ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လက်ရှိကျင့်သုံးပြီး ခွင့်ပြုပေးလျက်ရှိတဲ့ မိလ္လာသန့်စင်စနစ် Treatment System (Septic Tank with Upflow) ကို အိမ်ရှေ့၊ အိမ်နောက်မြောင်းများ ရှိပြီး ရေစီးရေလာ ကောင်းမွန်တဲ့ နေရာများမှာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ဖေးလမ်း ကြား ရေမြောင်းမရှိတဲ့ ရပ်ကွက်များမှာ နေရာပေါ်မူတည်ပြီး မိလ္လာသန့်စင် စနစ်ထက်ပိုပြီးတော့ သင့်တော်တဲ့ စနစ်နဲ့ ဆောင်ရွက်လိုကြောင်း တင်ပြလာပါက ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ပြောင်းလဲခွင့်ပြုသွားမယ့် ကိစ္စကို အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန် ကြေညာသွားမှာ ဖြစ်ပါတယ်။” ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အဋ္ဌမပုံမှန်အစည်းအဝေး၏ (၁၂)ရက်မြောက်နေ့ကို ဖေဖော်ဝါရီလ နံနက် (၁၀) နာရီတွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.