Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ သိန္နီမြို့ နယ်တွင် ငွေကျပ် သိန်း၆၆၀တန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ်သိန်း၈၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သက်သေခံပစ္စည်းများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ သိန္နီမြို့ နယ်တွင် ငွေကျပ် သိန်း၆၆၀တန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ်သိန်း၈၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၁းဝဝနာရီ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များနှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ သိန္နီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သိန္နီမြို့နယ်၊ ရေပူ(အမြဲ)စစ်ဆေးရေးစခန်းတွင် ရှာဖွေစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မူဆယ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသော —- ယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ မြေနုကျေးရွာနေ ခရီးသည် စိုးသိန်း ၂၃ နှစ်၊ မိုးညှင်းမြို့နယ်၊ လုံးစန့်ကျေးရွာနေသူများဖြစ်သည့် ခရီးသည် ရွှေဘ ၅၃ နှစ်၊ ခရီးသည် မင်းထက်ကို(ခ)မောင်မောင်(ခ) ဆာလာ ၂၁ နှစ် တို့သယ်ဆောင်လာသည့် ခရီးဆောင်အိတ်(၃)အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက် ၃၃၀ ခွက်ဖြင့်ထည့်ထားသည့် စုစုပေါင်းဘိန်းဖြူအလေးချိန် ၃.၃ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း၆၆၀)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၈၄၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သိန္နီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.