Connect with us

Science & Technology

ချင်းပြည်နယ် ဖလမ်းမြို့ရှိ ဆူရ်ဘုန် လေယာဉ်ကွင်းတည်ဆောက်မှုတွင် ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုးပမ်းဆောင်ရွက်ရန် သမ္မတ ဆို

ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်းခွင်အားတွေ့ရစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ ဆူရ်ဘုန် လေယာဉ်ကွင်းတည်ဆောက်မှုတွင် ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် ဖလမ်းမြို့နယ် (ဆူရ်ဘုန်) လေယာဉ် ကွင်း တည်ဆောက်ရေးစီမံကိန်း သို့ ရောက်ရှိပြီး (ဆူရ်ဘုန်) လေယာဉ် ကွင်းဆိုင်ရာ အချက်အလက်များ၊ မြေသားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင် ရွက်နေမှုနှင့် ပြီးစီးမှု၊ အရည်အသွေးကောင်းမွန်စေရန် ကြီးကြပ်ဆောင် ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် များ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယခုတည်ဆောက်လျက်ရှိသည့် (ဆူရ်ဘုန်) လေယာဉ်ကွင်းသည် သတ်မှတ်ချိန်အတွင်း စီမံကိန်းလုပ်ငန်းများ ပြီးစီးစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက ဆိုသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဖလမ်းမြို့နယ်(ဆူရ်ဘုန်) လေယာဉ်ကွင်း စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေဖြတ်ခြင်းနှင့် တောင်ဖြို ခြင်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေ တို့နှင့်မြေထိန်းနံရံ တည်ဆောက်လျက်ရှိသည့်နေရာများကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117