Connect with us

Science & Technology

နိုင်ငံတကာငွေပေးချေမှုကွန်ရက် UnionPay၏ မီဒီယာတွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ


ရန်ကုန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

နိုင်ငံတကာငွေပေးချေမှုကွန်ရက် UnionPay၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး မီဒီယာတွေ့ဆုံ မိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။

လက်ရှိ UnionPayသည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး ငွေပေးချေမှုကွန်ရက်တစ်ခု ဖြစ်ပြီး နိုင်ငံ နှင့်ဒေသပေါင်း ၁၇၄ခုက လက်ခံအသုံးပြုလျက်ရှိရာ တစ်ကမ္ဘာလုံးတွင် ကဒ်အသုံးပြုသူ ၇ ဘီလီယံ ရှိကြောင်း၊ ကမ္ဘာတစ်လွှားမိတ်ဖက်အဖွဲ့အစည်းပေါင်း ၂၀၀၀ကျော်နှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်မှု များရှိကြောင်း အရှေ့တောင်အာရှ UnionPay International လက်ထောက် အထွေထွေမန်နေဂျာ Vincent Ling၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။

UnionPayသည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဒေသတွင်း မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ ပိုမိုလုံခြုံစိတ်ချ၍လွယ်ကူချောမွေ့စေသည့် ငွေသားအသုံးပြုရန် မလိုသော ခေတ်သစ်ငွေပေးချေမှု တွင်ကျယ်လာစေရန် ကြိုးပမ်းလျက်ရှိရာ လက်ရှိတွင် AGD၊ AYA၊ CB ၊KBZ၊ MAB ၊MOB ဘဏ်များနှင့် ပူးပေါင်းပြီး Prepaidကဒ် ၊ Debit ကဒ်နှင့်Credit ကဒ် အမျိုးမျိုးကို ထုတ်ဝေခဲ့ကြောင်း၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်စွာ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

UnionPay၏ မြန်မာနိုင်ငံဆိုင်ရာ မီဒီယာတွေ့ဆုံမိတ်ဆက်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

UnionPay၏ မြန်မာနိုင်ငံဆိုင်ရာ မီဒီယာတွေ့ဆုံမိတ်ဆက်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်တွင် UnionPay နှင့် MPU တို့သည် ချပ်စ်ကဒ်(Chip Card) စံပြု သဘောတူညီချက် တစ်ခုကို ချုပ်ဆိုခဲ့ပြီး MPUအနေဖြင့် UnionPay Chip Cardကို တစ်ခုတည်းသောစံနှုန်းဖြစ် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် UnionPayကဒ် အရေအတွက်များစွာရှိသောကြောင့် အသုံးပြုသူများနားလည်သိရှိ စေရန်နှင့် အဆင်ပြေလွယ်ကူစေရန် UnionPay လမ်းညွှန်လက်စွဲစာအုပ်ကို ထုတ်ဝေထားရာ http://bit.ly/2SOvTzG လင့်ခ်မှလည်းကောင်း၊ UnionPay ဖေ့ဘုတ်စာမျက်နှာမှလည်းကောင်း ဒေါင်းလုပ်ရယူနိုင်ကြောင်း UnionPay International Co.Ltd ရန်ကုန်ရုံးခွဲမှ မန်နေဂျာ ဦးအောင်မြင့်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် UnionPayကဒ်အသုံးပြုသူများသည် UnionPayကို အသုံးပြုနေသည့် City Martစသည့် စူပါမာကတ်များအပါအဝင် စားသောက်ဆိုင်၊ လက်လီလက်ကား ရောင်းချဆိုင်များတွင် လျှော့ဈေးဖြင့်ဝယ်ယူသုံးစွဲခွင့်ရမည်ဖြစ်သလို မြန်မာ့အမျိုးသား လေကြောင်းမှလည်း ၁၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.