ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် ၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအား ယနေ့မတ်လ ၂၃ ရက်နေ့တွင် Myanmar Event Park ၌ ကျင်းပခဲ့ပြီး မြန်မာ့ရုပ်ရှင် တစ်သက်တာထူးချွန်ဆု အား ပထမဆုံးချီးမြှင့်ခဲ့ကာ...
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း နှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်အမှတ်၊ ၁/၂၀၁၈ အားထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၆,၃၀၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော် ၊ မတ် ၂၃ ရက်(ဆင်ဟွာ) ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်လိုက်သည့် ဒုတိယ သမ္မတ ဦးဝင်းမြင့်၏ အမည်အား ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ကြေညာခဲ့သည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဘရူနိုင်းဘုရင့်ဖလားဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုများထွက်ပေါ် လာ ပြီဖြစ်ပြီး မြန်မာအသင်းသည် နာမည်ကြီး ထိုင်း၊ အိမ်ရှင် ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်းတွင် ကျရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း (NEP)အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ ၂၁၉ ရွာတွင် ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်ဝါးတားဘတ်စ် (Yangon Water Bus)၏ ဒုတိယပတ်မြောက် ရေလယ် ကျောက်တန်း ဘုရားဖူးခရီးစဉ်ပြေးဆွဲမှုတွင် ခရီးသည် ၁၉ဝ အတွက် ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီ မှ သိရသည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် ၃ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် အိမ်သုံးမီတာများအတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံမည့် အိမ်သုံးမီတာများ သတ်မှတ်ကြေး ပြင်ဆင်သတ်မှတ်ခြင်းအသိပေးကြေညာချက်အား လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ပြည်နယ်နှင့် တိုင်းအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S) များတွင် ဆွေးနွေးချက်များကို အပြန်အလှန် အလေးအနက်မထားခြင်း၊ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ခြင်းမရှိမှုများကြောင့် မလိုလားအပ်သည့် ဖြစ်စဉ်များဖြစ်ပေါ်နေကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်...