Connect with us

Culture & Entertainment

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ရုပ်ရှင် ထူးချွန်ဆုပေါင်း ၁၂ ဆု ချီးမြှင့်

နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် အဖွင့်မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် ၂၀၁၇ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအား ယနေ့မတ်လ ၂၃ ရက်နေ့တွင် Myanmar Event Park ၌ ကျင်းပခဲ့ပြီး မြန်မာ့ရုပ်ရှင် တစ်သက်တာထူးချွန်ဆု အား ပထမဆုံးချီးမြှင့်ခဲ့ကာ ထူးချွန်ဆုပေါင်း ၁၂ ဆု ပေးအပ် ချီးမြှင့်ခဲ့သည်။ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ““ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များအားလုံးကို ကျွန်မတို့ တန်ဖိုးထားပါတယ်။ဖျော်ဖြေရေးလောက ကို တချို့ ကအပျော့အင်အားလို့ပြောတယ်။ ကျွန်မကတော့ သိမ်မွေ့တဲ့အင်အားလို့မြင်ပါတယ်။ သိမ်မွေ့တဲ့ အင်အားကိုဘယ်လိုသုံးမလဲ။ အင်အားဆိုတာ သုံးတတ်မှ အကျိုးရှိတာပါ။ ဒါကြောင့် သိမ်မွေ့တဲ့ပညာကို သိမ်မွေ့တဲ့အင်အားဖြစ်အောင်သုံးစေချင်ပါတယ်’’ ဟုအဖွင့် မိန့်ခွန်း ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က “ပြည်ထောင်စုဝန်ကြီးဦးဖေမြင့် “တစ်သက်တာထူးချွန်ဆုဆိုတာကို ဒီနှစ်မှာတိုးပြီးချီးမြှင့်ဖို့စီစဉ်တာဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအား မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မား ရေးအားရည်ရွယ်ပြီးချီးမြှင့်တာဖြစ်တယ်။’’ ဟုပြောသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌဦးဇင်ဝိုင်းက မြန်မာ့ရုပ်ရှင်တိုးတက်ရေးနှင့် ပတ်သက်၍ “ကျွန်တော်တို့ ငယ်စဉ် ကျောင်းသုံး ဗလာစာအုပ်ထဲက စာပိုဒ်လေးတစ်ပိုဒ်နဲ့ သတင်းစကားပါးပါရစေ ဇွန်ပန်းရုံအနီး လှည်းဘီးနွံနေသည် ကူ၍တွန်းကြပါ လေးလွန်း၍ မတွန်းနိုင်ဘူးလား ပြိုင်တူ တွန်းလျင်ရွေ့နိုင်ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာ့ရုပ်ရှင် တစ်သက်တာထူးချွန်ဆုအား ဘဘစည်သူဗိုလ်ကလေးတင့်အောင်အားဆု ချီးမြှင့်နေစဉ် (ဓာတ်ပုံ–နိုင်ငံတော်အတိုင်ပင်ခံရုံး)

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ် ( ဓာတ်ပုံ – နိုင်ငံတော် အတိုင်ပင်ခံရုံး)

ပြိုင်တူတွန်းရင်ရွေ့ကို ရွေ့မှာပါခင်ဗျာ’’ဟု ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ် တွင်ပထမဆုံးချီးမြှင့်သည့် မြန်မာ့ရုပ်ရှင် တစ်သက်တာထူးချွန်ဆုအား ဘဘစည်သူဗိုလ်ကလေးတင့်အောင် မှ ရရှိခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မှ အဆိုပါ ဆုအားချီးမြှင့်ခဲ့သည်။ ၂၀၁၇ခုနှစ် အတွက် အကောင်းဆုံးရုပ်ရှင်အသံဆုအား ဦးသိန်းအောင်မှ ထာဝရ အမေရုပ်ရှင်ဇာတ်ကားဖြင့်ရရှိခဲ့သည်။

အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုအား အိုဝင်မှ ထာဝရ အမေဇာတ်ကားဖြင့်ရရှိခဲ့သည်။ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုအား ကျောက်ဖြူ (ပဒေသာ) ကိုနေဝင်း မှ သရဲမ၊ ဘီလူးမ နှင့် မိန်းမပျို ဇာတ်ကားဖြင့်ရရှိခဲ့သည်။အကောင်းဆုံးရုပ်ရှင်တေးဂီတဆုအား စန္ဒယားတင်ဝင်းလှိုင် က ကွမ်းလုံရက် ၄၀ ဇာတ်ကားဖြင့်ရရှိခဲ့သည်။

ထို့အတူ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအဖြစ် နေခြည်မှာရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကားဖြင့် မင်္ဂလာဇော်ရုပ်ရှင်ထုတ်လုပ်ရေးမှ ရရှိခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုအား ဒါရိုက်တာစင်ရော်မောင်မောင် က ထာဝရအမေ ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုအား ဝိုင်း မှ ရင်ဘတ်ထဲကဓား ဇာတ်ကားဖြင့်လည်းကောင်းရရှိခဲ့သည်။

အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု အား နေတိုး က တာတေကြီးဇာတ်ကားဖြင့် လည်းကောင်း ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအား အိန္ဒြာကျော်ဇင်မှ ရင်ဘတ်ထဲကဓား ဇာတ်ကားဖြင့်လည်းကောင်း ၊အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု အား မြင့်မြတ်က အမှောင်တွင်ရွာချတဲ့ မိုးတိမ် ဇာတ်ကားဖြင့် လည်းကောင်း ၊အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအား ပိုင်ဖြိုးသု မှ သရဲမ၊ ဘီလူးမ နှင့် မိန်းမပျို ဇာတ်ကားဖြင့်လည်းကောင်း အသီးသီး ရရှိခဲ့သည်။ ထူးချွန်ဆုများအတွက်၂၀၁၇ ခုနှစ်တွင် ရှပ်ရှင်ဇာတ်ကားပေါင်း ( ၅၃ ) ကားရှိကြောင်းသိရသည်။

၎င်းတို့မှာ တီတီ နဲ့ ဒိုးနတ်၊ ချန်ပီယံလေး၊ ဘယ်ရည်းစားကို အချစ်ဆုံးလဲ၊ ဟန်းနီးမွန်း၊ ကြီးကြီးကျယ်ကျယ်၊ သားဘီလူး၊ ငါ့အကယ်ဒမီ၊ မာယာစတိုင်၊ ကွမ်းလုံရက် ၄၀၊ ပထမထပ်ဟန်းနီးမွန်း၊ ဂျုံးဂျုံးဂျက်ဂျက်၊ ဘကြိုးဖြင့်ချည်ထားသောဗာရာဏသီ၊ ခေါက်ထီးကလေးမလုံ့တလုံ၊ အရွယ်သုံးပါးချစ်တတ်သည်၊ လူများကိုခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်၊ ချိုမြိန်သောလက်စားချေခြင်း၊ အမှောင်မှာရွာချတဲ့မိုးတိမ် ( ကျွန် )၊ နေဝင်အိပ်တန်းတက်၊ ဝိညာဉ်ကကြိုး၊ သူငယ်၊ ကပ္ပိယ၊ အော်ရီဂျင်နယ် ဂန်းစတား ၂၊ သူငယ်ချင်းယောက္ခမ ၂ ၊ဘုန်းကညာနှစ်ပါး ၊ည၊ ကြောက် ကြောက် ကြောက်၊ ရာဇဝင်ရိုင်းသူများ၊ ပွဲခံမယ်၊ သိုက်ကလာတယ် စကားမပြောဘူး၊ ဆယ်လီ၊ ဖက်ရှင်၊ နေခြည်မှာရွှေရည်လောင်း၊ သရာစောထိ၊ ဒီမိုရပ်ကွက်၊ တိမ်ပြာသောနေ့၊ ကြီးမြတ်သောမြန်မာ ၊ ထဘီကျွတ်၍ လွှတ်လိုက်သည်၊ ဇွတ်ကျား ၊ အောင်စေပိုင်စေ၊ ပရိုဂျူဆာ မကြီးစိုး၊ အော်တိုဘုရင်၊ ရင်ဘတ်ထဲကဓား၊ မယားကြောက်ရွာ၊ အမည်ပေါက် နှင့် ကျူး၊ ပက်ပက်စက်စက်ညှို့၊ ဖေ့စ်ဘုတ်ဘုရင်မ၊ တာတေကြီး၊ ငါကဗိုလ်အောင်ဒင်၊ ထာဝရအမေ၊ သရဲမ ဘီလူးမ နှင့် မိန်းမပျို ၊တောကျီးကန်း၊ ငေါ့ချမ်းခသစ္စာ၊ ဆိုင်းကြိုက်တဲ့မောင် တို့ပဲဖြစ်ကြသည်။ ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် မြန်မာ့မြန်မာ့ရုပ်ရှင်၊တကူးကူး၊မဟာလူသား ( ထာဝရအမေ ဇာတ်ဝင်တေး )၊ တိမ်လွှာမို့မို့လွင်၊ရွှေမန်းမေ ၊မခွဲခြားပါနဲ့ ( အမှောင်မှာရွာချတဲ့မိုးတိမ် ဇာတ်ဝင်တေး )၊တစ်ကျော့နှစ်ကျော့တေးကိုသီ၊ရန်ကုန်သား မန္တလေးသူ၊မေတ္တာစေကျွန်၊ပြန်လည်၍တွေ့ကြရာဝယ်၊ ငယ်ကျွမ်းဆွေ စသဖြင့် တေးသီချင်းများဖြင့်ဖျော်ဖြေခဲ့ကြသည်။ ယခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ တွင် အကူမောင်မယ် အဖြစ် သရုပ်ဆောင်အားသစ်၊ ဝင်းခန့်မိုး (အကယ်ဒမီဒေါ်ချိုပြုံးမြေး)၊ မင်းသုခိုင် (အကယ်ဒမီမေသဉ္ဇာဦးသား)၊ သရုပ်ဆောင်အိစိကွေး၊ လေပြည်သွေး (အကယ်ဒမီမင်းမော်ကွန်းသမီး)၊ စံထိပ်ထားဦး (အကယ်ဒမီခိုင်သင်းကြည်သမီး)၊ ပန်းနုပျိုမေ (သရုပ်ဆောင်ဦးအရိုင်းသမီး)၊ စန္ဒြာရွှေရည် (သရုပ်ဆောင်တင်ဇာဝင်းပြည့်သမီး) တို့မှ ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)