Connect with us

Politics, Law & Military

JMC-S များတွင် အပြန်အလှန် အလေးအနက်မထားခြင်းကြောင့် မလိုလားအပ်သည့် ဖြစ်စဉ်များဖြစ်ပေါ်နေဟုဆို

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးကျင်းပနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ပြည်နယ်နှင့် တိုင်းအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S) များတွင် ဆွေးနွေးချက်များကို အပြန်အလှန် အလေးအနက်မထားခြင်း၊ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ခြင်းမရှိမှုများကြောင့် မလိုလားအပ်သည့် ဖြစ်စဉ်များဖြစ်ပေါ်နေကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ပြောကြားသည်။

တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် မှီခို နိုင်အောင် လိုအပ်သည့် ပံ့ပိုးကူညီမှုများ၊ လိုအပ်သည့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို နှစ်ဖက်ညှိနှိုင်း၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယုံကြည်မှုတည်ဆောက်သည် ဆိုသော စကားလုံးအတိုင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်မှီခိုမှုရှိနေရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးတွင် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၅) ကြိမ်မြောက် အစည်းအဝေး တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၅) ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် (၁၄) ကြိမ်မြောက်နှင့် ( ၁၅) ကြိမ်မြောက် ကြားကာလတွင် ဆောင် ရွက်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများ၊ ဒေသအဆင့် (JMC-L)များ တိုးချဲ့ ဖွင့်လှစ်နိုင်မှု များ၊ ဒေသခံအရပ်သား စောင့်ကြည့်သူ (LCM) များ ဖွဲ့စည်း သွားနိုင်ရေး ၊ JMC Conference ကျင်းပ မည့် နေ့ရက် သတ်မှတ်ပေးနိုင်ရေး များကို ညှိနှိုင်းအတည်ပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးကို မတ် ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်သည်။ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးသို့ JMC-U အဖွဲ့ဝင်များဖြစ်ကြသည့် တပ်မတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်သားကိုယ်စားလှယ်များအပြင် တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) များနှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) များမှ ကိုယ်စားလှယ်များလည်း လေ့လာ သူများအဖြစ် ပါဝင် တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.