Connect with us

Politics, Law & Military

အိမ်သုံးမီတာများအတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ သတ်မှတ်ကြေး ပြင်ဆင်ကောက်ခံမည်

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံမည့် အိမ်သုံးမီတာများ သတ်မှတ်ကြေး ပြင်ဆင်သတ်မှတ်ခြင်းဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် အိမ်သုံးမီတာများအတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံမည့် အိမ်သုံးမီတာများ သတ်မှတ်ကြေး ပြင်ဆင်သတ်မှတ်ခြင်းအသိပေးကြေညာချက်အား လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်သည်။

အိမ်သုံးမီတာ သတ်မှတ်ကြေး ကျေးလက်ဒေသသုံး (၅/၃၀) (Manual) အတွက် ကောက်ခံမည့်နှုန်းထား ကျပ်၃၅,၀၀၀၊ မြို့ငယ်သုံး(၅/၃၀) (HHU) အတွက် ကောက်ခံမည့်နှုန်းထား ကျပ် ၆၅,၀၀၀ ၊ မြို့ကြီးသုံး (၁၀/၆၀) (HHU) အတွက် ကောက်ခံမည့်နှုန်းထား ကျပ် ၈၀,၀၀၀ ကောက်ခံမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ထဲတွင် ပါရှိသည်။ သုံးမျိုးလုံးအတွက် အာမခံစဘော်ငွေ ကျပ်၁၀၀၀၊ ကြိုးသွယ်ခ ကျပ် ၂၀၀၀၊ မီးဆက်ခ ကျပ် ၂၀၀၀၊ ကြီးကြပ်ခ ကျပ် ၁၀၀၀၊ မီတာလျှောက်လွှာမှတ်ပုံတင်ကြေး ကျပ် ၁၀၀၀ ကျသင့်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.