Connect with us

Environment, Disasters & Accidents

ဇလွန်မြို့နယ်၌ ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် ၃ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရရှိ

ထော်လာဂျီယာဉ် ဧရာဝတီမြစ်ထဲသို့ တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၌ ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် ၃ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ ၀၂း၃၀ နာရီအချိန် ဇလွန်မြို့နယ် ဇင်ယော်ကျွန်းကျေးရွာဆိပ်ကမ်းမှ ဇလွန်မြို့သို့ စိုးနိုင် (၃၁)နှစ် မောင်းနှင်လာသည့် ထော်လာဂျီယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက် ဧရာဝတီမြစ်ကမ်းစပ်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဒေါ်မြင့် (ခ)ဒေါ်စိန်မြင့်ပါ ၃ ဦး (ကျား ၂၊မ ၁)တို့မှာ မျက်နှာစုတ်ပြဲ၊ နံရိုးကျိုး ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးလှိုင်ဝင်းထွန်း(၄၅)နှစ် ပါ ၁၃ဦး(ကျား ၆၊မ ၇)တို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သေဆုံး/ဒဏ်ရာ ရရှိသူများအား ဇလွန်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ပြီး စိုးနိုင်အား ဇလွန်မြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/၂၀၂(ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု/ သတင်းပေးရန်ပျက်ကွက်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.