Connect with us

Science & Technology

ရခိုင်ပြည်နယ်အတွင်းရှိကျေးရွာ ၂၁၉ ရွာ၌ ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

ဆိုလာဖြင့် မီးလင်းရေးဆောင်ရွက်ထားမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း (NEP)အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ ၂၁၉ ရွာတွင် ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့ တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီး တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွ စသည့် မြို့နယ်များရှိ ကျေးရွာ ၂၁၉ ရွာတွင် ဆိုလာမီးလင်းရေးလုပ်ငန်းများ ဆောင် ရွက်သွားမည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၁၁,၃၃၃ စု ဆိုလာမီးရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ ရေးစီမံကိန်း ((NEP) ဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာ ၅၄၉ ရွာမှ အိမ်ထောင် စု ၃၁,၃၆၃ စု ဆိုလာမီးရရှိအောင်ဆောင် ရွက်ခဲ့ကြောင်း၊ ထို့ပြင် အများပြည်သူ နှင့်ပတ်သက်သည့်နေရာများတွင်လည်း ဆိုလာမီး ၄,ဝ၉၁ ယူနစ်တပ်ဆင်ပေးခဲ့ ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် တွင်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ ၆၈ ရွာမှ အိမ်ထောင်စု ၄,၄၉၂ စုနှင့် အများသုံး ၁၆၆ ခုကို အိမ်သုံး ဆိုလာစနစ် ဝပ် ၆ဝ နှင့် ဝပ် ၁ဝဝ များ မကြာခင်ကာလအတွင်း တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.